My university life

avatar
(Edited)

ကျွန်မတို့မောင်နှမတွေ မူလတန်းကနေ အထက်တန်းထိ စာကျက်ချိန်တိုင်းမှာ မေမေကအနားမှာအမြဲရှိနေပေးခဲ့ပါတယ်။
စာကျက်နားချိန်လေးတွေမှာ မေမေတို့တုန်းက ကျောင်းတက်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း မကြာခဏပြောပြတတ်ခဲ့ပါတယ်။
မေမေပြောပြဖူးတဲ့ထဲမှာ ကျွန်မစိတ်ဝင်စားဆုံးကတော့ တက္ကသိုလ်တက်ရတဲ့ကျောင်းသားဘ၀ပါပဲ။
မေမေတို့တုန်းက တက္ကသိုလ်ဆိုတာ တော်တော်ကိုပျော်ဖို့ကောင်းခဲ့ပုံပါပဲ။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ အတွေ့အကြုံတွေပျော်ရွှင်မှုတွေနဲ့ အဓိပတိလမ်းပေါ်က ခရေပင်တွေအောက်မှာလမ်းလျှောက်ရင်း သစ်ပုပ်ပင်အောက်မှာထိုင်ပြီးစကားပြောကြရင်း ကန်ဘောင်က ဘူးသီးကြော်စားရင်း ကင်တင်းမှာထိုင်ရတဲ့အရသာလေးတွေလည်းအရမ်းလိုချင်ခဲ့ဖူးပါတယ်။
ဒါကြောင့် ကျွန်မတက္ကသိုလ်မြန်မြန်ရောက်ချင်ဇောနဲ့ စာသေချာလေးကျက်ဖြစ်ပါတယ်။

ဒါပေမယ့် ကံလေးကမကောင်းချင်တော့ ကျွန်မတို့ခေတ်ရဲ့ တက္ကသိုလ်ဆိုတာ မေမေပြောတာနဲ့အရမ်းကိုကွာခြားသွားကြောင်းကို ကျွန်မတက္ကသိုလ်ရောက်ချိန်မှာ သေချာသိလိုက်ရပါတယ်။ ကျွန်မတို့ရဲ့ တက္ကသိုလ်ဆိုတာ မြို့ထဲကနေ ၂နာရီလောက်ကားစီးသွားရတဲ့ မြို့ပြင်ရောက်သွားခဲ့ပါပြီ။ တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့ အရသာကတော့ ကျောင်းတက်လက်မှတ်ထိုးပြီးအချိန်လေးရရင်ရသလို သူငယ်ချင်းတွေနဲ့နေရာစုံလျှောက်သွားတာလောက်ပဲရှိခဲ့ပါတယ်။
ဒါနဲ့ကျောင်းပြီးလို့ ဘွဲ့လေးသာရလာရော ကျွန်မသိပ်တော့မကျေနပ်ခဲ့ပါဖူး။

ဒီလိုနဲ့ လုပ်ငန်းခွင်ထဲရောက်ပြီးတော့အလုပ်လုပ်ရင်း ဘွဲ့လေးတစ်ခုထပ်ယူကြမယ်ဆိုပြီး အလုပ်ထဲက သူငယ်ချင်းတွေနဲ့အတူစုတက်ဖို့တိုင်ပင်ကြတော့ DIR (Diploma in International Relationship) ဆိုတဲ့IR ဘွဲ့လေးယူဖို့ဖြစ်လာပါတယ်။ ဒါနဲ့ဝင်ခွင့်လေးဖြေတော့ ၄ယောက်မှာ ကျွန်မအပါအ၀င် ၃ယောက်အောင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတက်ချင်တဲ့ တက္ကသိုလ်နယ်မြေထဲမှာ ကျောင်းတက်ရဖို့အခွင့်အရေးလေးရောက်လာပါတယ်။
မနက်ဆို ၇နာရီကျောင်းအရောက်သွား အတန်းတက် ၉နာရီဆို အတန်းဆင်းပြီးတာနဲ့ အလုပ်ကိုကားစုဌားပြီးအပြေးအလွှားတက်ခဲ့ကြရပေမယ့်အဲဒီတစ်နှစ်တာလေးမှာ ကျွန်မတို့တကယ်ကိုပျော်ရွှင်ခဲ့ရပါတယ်။
မနက်စောစောထရလို့ အတန်းထဲရသလောက်လေးငိုက်ကြပေမယ့်လည်း ကိုယ်တက်ချင်ခဲ့တဲ့ကျောင်းမို့ လူကတော့အမြဲတက်ကြွနေတာပါပဲ။ ရောက်လေရာ photo အရရိုက်ကြရတာလည်း အမောပါပဲ။

ဒီလိုနဲ့ပဲ တစ်နှစ်ဆိုတဲ့အချိန်ကာလလေးပြီးဆုံးချိန်မှာတော့ ကျွန်မတကယ်တက်ချင်ခဲ့တဲ့တက္ကသိုလ်ထဲမှာတက်ရောက်ပြီး DIR ဆိုတဲ့ ဘွဲ့လေးတစ်ခုကိုလည်း ထပ်ယူနိုင်ခဲ့ပါတယ်။

I_cant_deny_it-wallpaper-11466705.jpg

Myanmar Steemit အဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်။

@zinzin
MSC-194



0
0
0.000
33 comments
avatar

မတက်ဘူဘူးဗျာ ရန်ကုန်တက္ကသိုလ်ထဲ ၊သန်လျင်မှာ တက်လညရတာ 😭😭😭

0
0
0.000
avatar

အဲလိုတွေဖြစ်ကုန်တာ uni life က

0
0
0.000
avatar

လွမ်းတယ်ဗျာ ကျောင်းကြီးကို plz v and c me back @mgtoetat

0
0
0.000
avatar

ဟုတ် v&m ပြီးပါပြီ

0
0
0.000
avatar

ရတနာပုံမှာတက်ခဲ့တာပါ . . . တက္ကသိုလ်ဘဝကို ပြန်လွမ်းမိတယ်

0
0
0.000
avatar

ဟုတ်တယ် ။ တကယ်လွမ်းစရာပါ

0
0
0.000
avatar

တက္ကသိုလ်နဲ့ပတ်သက်တဲ့ဝတ္ထုတွေလည်းကောင်းမှကောင်း

0
0
0.000
avatar

လွမ်းစရာ ပန်းချီကားလေးတစ်ချပ်လို

0
0
0.000
avatar

လွမ်းစရာတက္ကသိုလ်

0
0
0.000
avatar

ဟုတ်တယ် ကိုရဲ

0
0
0.000
avatar

ကျောင်းသားဘဝပြန်သတိရသွားတယ်

0
0
0.000
avatar

ပျော်ရွှင်စရာတွေအများကြီးရယ် :D

0
0
0.000
avatar

ဒီမှာလည်း အဖေပြောတိုင်းအားကျနေရတာ။ရန်ကုန်တက္ကသိုလ်ထဲassignment တင်တဲ့အခါနဲ့အလည်အပတ်သွားတဲ့အခါပဲ ရောက်ဖူးတယ်။

0
0
0.000
avatar

ဟုတ်တယ် မမျိုးရေ။ရန်ကုန်တက္ကသိုလ်ဆိုတာ ရုပ်ရှင်ထဲမှာပဲရောက်ဖူးခဲ့ရတာ

0
0
0.000
avatar

ပြန်​လည်​မျှ​ဝေ​ပေးတာ ​ကျေးဇူးပါခင်​ဗျာ

0
0
0.000
avatar

ဟုတ် ကိုဂျွန် ။
လာအားပေးလို့လည်း ကျေးဇူးတင်ပါတယ်

0
0
0.000
avatar

တူများတို့ကမြို့ပြင်​မှာတက်​ခဲ့ရတာ😂😂😂

0
0
0.000
avatar

တူတူပါပဲ မအိရယ်။ ဘွတူဒေ

0
0
0.000
avatar

အော် ညီမတွေ ဘွဲ့တွေ တခုပီးတစ်ခု ယူနိုင်ပါစေဗျား။

0
0
0.000
avatar

အလုပ်လုပ်ရင်း ကျောင်းတက်ရင်းပါ ကိုညီရေ

0
0
0.000
avatar

ဘွဲ့ရပြီဆိုတော့ Congratulation ပါ
ဟိုးတုန်းက တက္ကသိုလ်လိုတော့ ကျောင်းသားအချင်းချင်း
စည်းလုံးမှု ၊ ညီညွတ်မှု၊ နွေးထွေးမှု ၊ ပျော်ရွှင်မှုတွေ ရှိတော့ပါဘူးလေ
ခုတော့လည်း သူ့ဟာနဲ့သူပါလေ
အင်း ပြောရင်းနဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်သတိရမိပါရဲ့

0
0
0.000
avatar

ဟုတ် ko hein. uni life ကတော့ မမေ့နိုင်စရာပါ။

0
0
0.000
avatar

Congratulations! This post has been upvoted from the communal account, @minnowsupport, by zinzin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

0
0
0.000