ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းပြုပြင်ကြရအောင်

avatar
(Edited)

ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းကြရအောင်
ယိုယွင်းနေသည့် မြန်မာ့သဘာဝ ပတ်ဝန်းကျင်သည်သာမက ယိုးယွင်းနေသည့်စိတ်ပါပြုပြင်ကြဆို့....ဆိုရင်တော့ ပိုမှန်ပါလိမ့်မည်ယ
ဟုတ် မင်္ဂလာပါ ညီအစ်ကိုများ

ယိုယွင်းနေသော မြန်မာ့သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းကြရအောင် ခေါင်းစဉ်အောက်မှာ အနည်းငယ်လေး အမြင်မျှပါရစေ။
image
ခေါင်းစဉ်အောက်မှာတော့ မေးခွန်းလေးများ အနည်းအကျဉ်း ရှိနေမည်ဖြစ်ကြောင်း ကျွန်တော်ယုံကြည်ပါတယ်။

  • ဟုတ် သဘာဝပတ်ဝန်းကျင် ယိုယွင်းတော့ ငါ့နဲ့ဘာဆိုင်လည်း?
  • ငါ့ဟာငါအလုပ်လုပ်စားနေတာ ဘယ်သူ့မှ အနှောက်အယှက်မပေးဘူး ပတ်ဝန်းကျင် ယိုးယွင်းတာငါ့နဲ့ဘာဆိုင်လည်း ?
  • ကိုယ့်ထမင်းကိုယ်စားနေဒါ ထမင်းငတ်ရင် ဘယ်သူမှ လာမကျွေးဘူး။
  • ဒါတွေဟာ ငါ့အလုပ်မဟုတ် တာဝန်ရှိတဲ့ ပုဂ္ဂိုလ် သူ့ဟာနဲ့သူ လုပ်လိမ့်မယ်။
  • ငါလုပ်တော့ရော ဘာထူးခြားသွားမှာ မလို့လည်း?
  • ပြောချင်တဲ့သူပြောသာပြောပါစေ။ ရပ်ကွပ်ရုးံက အပင်စိုက်ဖို့ တအိမ်တယောက် လာပြောရင် တရက် ၅၀၀၀ နှုန်းနဲ့သာထည့်ပေးလိုက် ရပ်ကွက်ရုးံက ပျော်ပြီးပြန်လိမ့်မယ်။
  • ခနတာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဖွဲ့ပြီး ပြောနေကြသူ တာဆူနေသူလည်း ရင်ထဲကမပါ ခဏတာဆို ကြက်ပျောက်ငှက်ပျောက်လို့ ။
  • ပတ်ဝန်းကျင်ယိုယွင်း ပျက်စီးမှုက ငါမမွေးခင်ကတည်းက လုပ်လာကြဒါ ငါသေလည်း လုပ်နေကြမှာပဲ အဲ့တော့ဘာဆန်းလည်း?
  • ငါတယောက်ထဲလုပ်နေလည်း ဘာထူးခြားမှာလည်း?
  • ဒီအရာတွေက ငါလုပ်မှ ပြီးမဲ့အရာတွေမလို့လား ?
    စသည့်မေးခွန်းတွေထဲက တခုခုရှိနေရင်တော့ သေချာပါတယ် အောက်မှာရေးတဲ့အဖြေလေး ဆက်ဖတ်ပေးကြည့်ပါလား ?
    image
  • သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးခြင်းရဲ့ အကျိုးသက်ရောက်မှုဖြစ်ခြင်းက သရုပ်ဆောင် ကိုနေတိုးအတွက်လား?
  • ယခုသင်ရော အမျိုးအသိုင်းအဝိုင်းမရှိ တယောက်ထဲ တကောင်ကြွက်အဖြစ် မြေကြီးထဲက မွေးဖွားလာခြင်းလား?
  • သင့်ထမင်းသင်စားခြင်းမှန်ပေမဲ့ အများအကျိုးအတွက် တခုမှမလုပ်ခဲ့ခြင်းလေလား?
  • ဘဝမှာ သင့်မိသားစုတခုထဲမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု မပြုလုပ်လျှင် ပတ်ဝန်းကျင်ကြီး အတိုင်းထက်အလွန်ဆိုးနေမှာလား ဟူ၍ သင်တွေးနေသလား ?

ဟုတ်မှန်ပါတယ် သင်မှမလုပ်ရင် အခြားလုပ်မည့်သူလုးံဝမရှိကြောင်းပြောပါရစေ။ မည်သူမဆို တွေးထင်စရာက "ငါမလုပ်လည်း ဖြစ်နေတာပဲ" "ငါလုပ်မှဖြစ်မဲ့အရာတွေလား" ဟူသည့်အတွေးကြောင့် ဘဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်းဘုတ်များ အမျိုးသားပြတိုက် ဝင်ရမည့်အဆင့်ရောက်လျက်ရှိ။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် အလို့ငှာ နှိုးဆော်သူလည်း နှိုးဆော်ပေးရန်သာ တာဝန်ရှိပြီး နှိုးဆော်မှု့အပြီး ထိုသူတာဝန်ကျေ၏ ဟုသာတွေးထင်ခြင်းကြောင့် ယခုထက်ထိ ဤအတိုင်းသာ ဖြစ်လာဆဲပါ။

ဥပမာအနေဖြင့် ဇာတ်လမ်းတခုပြောပါရစေ။ အန္ဒိယဇာတ်လမ်းပါ။
တချိန်တခါတုန်းက အင်မတန်ဆင်းရဲပေမဲ့ နွားနို့ ပေါသည့်ရွာသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် မည်မျှအရေးကြီးကြောင်း ပညာပေးဟောပြောပွဲ ပြောဆိုရန် ဟောပြောသူ လေးဦး ရောက်ရှိနေစဉ်အခိုက်။ ထိုအဖွဲ့သားများမှလည်း ရပ်ရွာအကြီးအကဲ စီစဉ်မှုဖြင့် ဟောပြောပွဲ ကျင်းပခြင်းငှာ နှစ်ရက်တိတိ စွမ်းသာခဲ့သည်။ သို့နှင့်ဟောပြောပွဲ ပထမညတွင် ဟောပြောပွဲမှ နောက်ဆုးံစကားအဖြစ် နောက်ရက်တွင် ဟောပြောပွဲတွင်လာရောက် နားထောင်းပူးပေါင်းသူများအတွက် စားသောက်ရန်အလို့ငှာ နို့ထမင်းအတွက်လမိမိအိမ်၌ရှိ နွားနို့များ တအိမ်လျှင် တပိဿာမျှ ယူဆောင်လာပြီး ဟောပြောပွဲ ရှေ့ စဥ့်အိုးတွင်ထည့်ရန်ဖြစ်သည်။ဤတွင်ရွာသားမိသားစုတစုမှ ဦးစီးဖြစ်သူသည် (တရွာလုးံ တအိမ်တပိသာ ယူလာကြမည်ဖြစ်၍ ကျွန်ုပ် ရေ၁ပိသာ ရောထည့်ပေးလိုက်ခြက်းဖြင့် အဘယ်သူမှာသိနိုင်ပါအံ့နည်း ) ဟုတွေးပြီး ရေတပိသာ ကိုပုံဖြင့်ထည့်အဖုးံအုပ်၍ယူဆောင်သွားပြီး ခြောက်ပေခန့်အမြင့် စဥ့်အိုးသို့လောင်းထည့်လိုက်လေသည်။ သို့ဖြင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သားများမှ ရွာသူရွာသားများအား စဥ့်အိုးသို့ခေါ်ဆောင်၍ ဤသို့ပြောလာလေသည်

  • ယခုစဥ့်အိုးတွင် ရွာသူရွာသားများမှ တအိမ်တယောက် တပိသာနွားနို့ ယူလာခဲ့သည်ဖြသ်၍ အားလုးံကြည့်တော်မူကြပါ" ဟုပြောရင်း စဥ့်အိုးကိုပရိတ်သတ်ရှေ့ဖွင်ပြလိုက်ရာ နွားနို့ဟူသည့်အရာ မရှိပဲ ရွာသူရွာသားတိုင်း ရေတပိသာယူဆောင်လာခြင်းသာဖြစ်ခဲ့သည်။
  • ထို့ကြောင့်ဟောပြောပွဲ နိကုန်းစကားအနေဖြင့် မိမိတဦးတည်း မလုပ်ဘဲနေရုံဖြင့် မည်သည့်အရာမှ ထူးခြားသွားမည်မဟုတ် ခံယူချက်ရှိနေသ၍ မည်သည့်တိုးတက်မှုမှ ဖြစ်မည်မဟုတ်ကြောင်း..,,.........့ 

သီးခံဖတ်ရှုပေးမှုအတွက် ကျေးဇူးတင်လျက်......,

Authour ကိုဗီး
MSC 222



0
0
0.000
6 comments
avatar

လူတစ်ဦး စွမ်းရည်တစ်မျိုးလို့ ပဲဆိုရမလား ကိုဗီးရေ ဦးဇင်းအားကျတာက ခုကိုဗီး ရေးသလိုပေါ့ အများနဲ့ မတူတဲ့ အတွေးမျိုးပေါ့ အဲ့လိုဖောက်ထွက်ပြီးရေးနေတာကို အားကျနေတာ

0
0
0.000
avatar

ဟုတ်.....အမှန်ကစဉ်းစားကြည့်ကျွန်တော်တို့ဘယ်နေရာမှပါဝင်ပြီးပြုလုပ်ခြင်းမရှိတဲ့အကြောင်းပါ။လက်ညိုးထိုးခေါင်းရှောင် တာဝန်ရှိသူတွေက မလုပ်ကြဘူးဆိုတာနဲ့ပဲ ပြီးပြီးနေလို့ပါ။anyway ကျေးဇူးပါဦးဇင်း

0
0
0.000
avatar

Thank you zayarch for making a transfer to me for an upvote of 1.24% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

0
0
0.000