Lock number 8080 (လောခ့်နံပါတ် ရှစ်ဆယ်ရှစ်ဆယ်)

avatar

လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က အတွေ့အကြုံလေးတခုပါ။ လွန်ခဲ့တဲ့လေးနှစ်ကျော် ဆိုတော့ ဖုန်းဆိုင်လေးတွေ ခေတ်စားတဲ့ခေတ်။ ဖုန်းသင်တန်းလေးတပ်လိုက် ဖုန်းဆိုင်သေးသေးလေး ဖွင့်လိုက် ဖုန်းလေးပြင်လိုက်နဲ့ အဆင်တွေပြေလို့နေသည့်အချိန်လေးဖြစ်ခဲ့သည်။ ထိုသူများထဲမှ မိမိမှာ အင်တာနက်ခေတ်တုန်းကလည်း အင်တာနက်ဆိုင်တွင် အလုပ်လုပ်ဖူးသောကြောင့် အခြားသူထက်ပို၍ အင်တာနက်ကို ရင်းနှီးကျွမ်းဝင်သူလည်းဖြစ်၏။ ထိုသို့သောအချိန်တွင် မန္တလေးသို့ သင်တန်းတက် အချိန်တစ်နှစ်လောက် တပည့်ပညာသင်ရင်းမှ မိမိဇာတိမြေ ပြင်ဦးလွင်သို့ ပြန်လာပြီး ဖုန်းဆိုင်လေးတဆိုင် ဖွင့်ဖြစ်ခဲ့သည်။

သို့နှင့် အရင်းအနီးမများသော်လည်း service လုပ်တော့ ဝင်ငွေကအနည်းအများဖြင့်အဆင်ပြေသည်။ ဖုန်း များတော့မတင်နိုင်သးပဲ အပိုပစ္စည်းသာ တင်ပြီးရောင်းခဲ့သည်။ မိမိဆိုင်သည် လားရှို
မူဆယ် ကားဂိတ်နှင့်နီးသောကြောင့် တရုတ်ပြည်ကြီးမှ မြန်မာစကားမတတ်သော တရုတ်လူမျိုးများ မကြာခနရောက်လာတတ်သည်။ တနေ့သ၌ မြန်မာစကားပြန်နှင့် တရုတ်လူမျိုးတယောက် ကျွန်တော်ဆိုင်ရောက်လာပြီး

စကားပြန်မှ "ညီလေး ဒီဖုန်းလေးကြည့်ပေးပါအုးံ" စကားပြန်မှာတော့ ကားသမားဖြစ်ဟန်တူသည်။ ထိုတရုတ်လူမျိုးမှာတော့ အရေးတကြီး ဖြစ်နေဟုတ်တူသည်။
image
ကျွန်တော်လည်း ယူကြည့်လိုက်ရာ ဖုန်းက screen lock ကြခြင်းသာဖြစ်သည်။ နံပါတ်အမှားတွေ ဆက်နိုပ်ရင်တော့ Disable ဖြစ်တော့မည်။ ယခုတော့ စဉ်းစားရန်အချိန်ရသေး။ ထိုခေတ်က iPhone 5s ထွက်ခါစဖြစ်သည့်နည်းတူ ထိုတရုတ်လူမျိုးယူလာသည်မှာလည်း iPhone 5S ဖြစ်သည်။ lock ကျနေသောထိုဖုန်းကို ကျွန်တော်ဘက်မလည်း restore ပြန်လုပ်ရမည်ဖြစ်ကြောင်း အရင်ကသိမ်းထားသမျှပြန်ရချင်လျှင် iTunes sync ဖြစ်နေသော ကွန်ပျူတာ သို့မဟုတ် iCloud backup မှပြန်restore လုပ်ထားကြောင်း ယခု restore လုပ်လျှင် ၂၀၀၀၀ ကြမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။ ထို့နောက်တွင်တော့ ဘာသာပြန်နှင့် တရုတ်လူမျိုးတို့ စကားအချင်းချက်းပြောကြပြီး ဘာသာပြန်မှ
"ညီလေးအဆင်ပြေသလိုသာ လုပ်ပေးပါ သူကသိပ်နားမလည်ဘူး iCloud ဆိုဒါလည်းမသိဘူး သူကဖုန်းထဲကဖုန်း call listရချင်တယ်ပြောနေတာပဲ ကျန်တာအရေးမကြီးဘူးတဲ့ ဘယ်လိုပဲဖြစ်ဖြစ် lock ပြည်ရင်လည်းရတယ်တဲ့ အခုကမူဆယ်ပြန်မှာမို့ အမြန်ဆုးံလုပ်ပေးပါ"

ကျွန်တောမှလည်း
အရှေ့မှာ အပ်ထားဒါလေးရှိလို့ချက်ချင်းရမည်မဟုတ်ကြောင်း ပြောပြလိုက်ရာ ဘာသာပြန်သူမှ မဟုတ်ဘူးညီလေး အရေးတကြီးပြန်ရမှာမို့ အရင်လုပ်ပေးပါ လေးသောင်းယူလိုက်ပါ ဟုပြောလာသဖြင့် ကျွန်တော်လည်းမငြင်းသာ၍ ထိုသူတို့ကို အရင်လုပ်ပေးမည်ဟု ဆုးံဖြတ်လိုက်သည်။သို့နှင့်ကွန်ပိုတာရှေ့ထိုင် ကျွန်တော်သုးံနေကြ default password 8080 (ဖုန်းသုးံတိုင်း lock 8080 ပေးနေကြ ) လေးရိုက်ထည့်ကြည့်ရာ ဖုန်းမှာ lock ပြည်သွားသည်။ခိုးထားသည့်ဖုန်းဟုတ်မဟုတ် သေချာစေရန်အလို့ငှာ phone detail gallery ထဲဝင်ကြည့်တော့ ထိုတရုတ်လူမျိုး၏ ပုံများသာရှိနေသည်။

ဖုန်းမှာကွန်ပျူတာနှင့်တောင်မချိတ်ရသေး 8080 ရိုက်ထည့်လိုက်တော့ ပွင့်နေပြီ။ ချက်ချင်းဆိုသလို ကျွန်တော့မှာ အတွေးတွေဝင်လာသည်။ ရပြီဟုဆိုပြီး ပြန်ပေးရမည်လော 8080 နိုပ်လိုက်ခြင်းဖြင့် ပွင့်လာသည်ဟုပြော၍ပြန်ပေးရမည်လော အချိန်တနာရီဆွဲ၍ ပိုက်ဆံလေးသောင်း ယူရမည်လော? မေးခွန်းများဖြင့်။ အကယ်၍ ကျွန်တော့်နေရာ မိတ်ဆွေရှိခဲ့လျှင်ရော ဘာလုပ်မည်နည်း? ဦးနှောက်ထဲမှာတော့လေးသောင်းတော့ ရပြီဟုလည်းတွေးမိသည်။

တခဏကြာ စဉ်းစားပြီးသည့်နောက် ကျွန်တော်ထိုသူနှစ်ယောက်ကိုလှမ်းခေါ်လိုက်ပြီး ရှင်းပြရတော့သည်။ " ဟုတ် အစ်ကိုဒီမှာဖုန်းရပါပြီ ထိုတရုတ်လူမျိုးမှ ကျွန်တော့်အားပိုက်ဆံလေးသောင်းထုပ်၍ ပေးလာရာမှ ကျွန်တော်သည်လည်း အကြောင်းစုံရှင်းပြလိုက်သည်။ ကျွန်တော်မည်သည့်အရာမှ မလုပ်ရသေးကြောင်း ကျွန်တော်သုးံနေကြ default password လေးသာရိုက်ထည့်ယုံနှင့်ပွင့်သွားကြောင်း။ ထို့ကြောင့်ကျွန်တော် ဈေးဦးပေါက်အနေဖြင့် ၂၀၀၀ ယူမည်ဖြစ်ကြောင်းနှင့် ၃၈၀၀၀ ပြန်အမ်းပေးလိုက်သည်။ ထိုတရုတ်ကြီးမှာ မနေ့ညကသူ၏အမျိုးသမီးဖြသ်သူနှင့် စကားများရန်ဖြစ်ရာမှ အမျိုးသမီးမှ lock ချလိုက်ကြောင်းနှင့်တကွ ကျေးဇူးတင်ကြောင်းပြောဆိုပြီးထွက်သွားသည်။ကျွန်တော်လည်း စိတ်ထဲမှာတွေးလျက်သား ကျွန်တော်ပြုလုပ်မှုလေးကို ထိုသူမှတန်ဖိုးရောထားမိပါသလား စသဖြင့်ပေါ့။

မည်သို့ဆိုစေ သူအတွက်ကျွန်တော် ရိုးသားမှုဖြင့်ကူညီလိုက်ခြင်းအတွက် မိမိကိုယ့်ကိုတော့ ပီတိဖြစ်မည့်သည်။ ထိုသူနေရာမှာ မိမိဖြစ်ခဲ့ရင်ရော ဟူသည့်အတွေးဖြစ် လုပ်လက်စတခြားအလုပ်များလုပ်ရင်း တနာရီကျော် ကြာလာသောအခါ ထိုတရုတ်ကြီး ဘာသာပြန်ကိုကြီးနှင့်အတူ Vivo အင်္ကျီဝတ်ထားသော လူငယ်တဦးပါကျွန်တော်ဆိုင်သို့ ရေယက်ရှိလာသည်။

ထိုလူငယ်လေးမှ
"မင်္ဂလာပါ အစ်ကို ကျွန်တော် Vivo company ဝန်ထမ်း မန္တလေးကပါ။ " ဟုတရုတ်သံခပ်ဝဲဝဲလေးနဲ့ပြောလာခဲ့သည်။
ထိုမှကျွန်တော်သည်လည်း image

"ဟုတ်မင်္ဂလာပါ ဘာကူညီပေးရမလည်း ညီ" ဟုပြောလိုက်သည်တွင် ထိုညီလေးမှ ကျွန်တော့်အား သူသည် Vivo ဆိုင်းဘုတ်နှင့် counter ပိုင်းမှဖြစ်ကြောင်း ယခုလာခြင်းသည်လည်း ပြင်ဦးလွင်ရှိအခြားဆိုင်ကြီးနှစ်ဆိုင်အတွက် ကောင်တာလာရောက်ချပေးကြောင်းပြောဆိုခဲ့သည်။ ထို့နောက်ကျွန်တော်ဆိုင်အတွက်လည်းချပေးမည်ဟုပြောလာသည်။(ထိုအချိန်တွင် vivo counter နှင့် light board များစတင်ပေးနေခြင်းဖြစ်သည်)

ကျွန်တော်ဖက်ကလည်း ဖုန်းမတင်နိုင်သေးကြောင်း လက်ရှိအရင်းအနှီးအဆင်မပြေမှုကြောင့် service နှင့် အပိုပစ္စည်းသာ ရောင်းနေရကြောင်း ပြောပြခဲ့သည်။ ထိုအချိန်တွင် ယခုန တရုတ်လူမျိုး နှင့် vivo ဝန်ထမ်းအပြန်အလှန်စကားပြောဆိုခဲ့ကြသည်။
ထို့နောက်တွင်တော့ Vivo ဝန်ထမ်းမှ
“အစ်ကိုဆိုင်အတွက် ဆိုင်းဘုတ် ၂၅ ပေ အမြင့် ၆ ပေ light board 4 ချပ်နှင့် image ကောင်တာသုးံလုးံ ပစ္စည်း ၁၀ သိန်းဖိုး Consignments ဖြင့်ချပေးရန် ပြင်ဦးလွင်တွင်နေထိုင်သော မန္တလေးတိုင်း တရုတ်ကိုယ်စားလှယ်ကြီးသူဌေးရဲ့ သူငယ်ချင်းဖြစ်သူ ယခုတရုတ်တို့သဘောတူညီချက်ရယူပြီးဖြစ်၍ ယခုအစ်ကို သဘောတူညီချက်လာရောက်ယူခြင်းဖြစ်သည်" ဟုဆိုလာသဖြင့် ကျွန်တော်လည်းဝမ်းမြောက်ဝမ်းသာစွာပဲလက်ခံခဲ့လိုက်သည်။

Author ကိုဗီး
MSC 222
Photo credit google



0
0
0.000
32 comments
avatar

အချင်ပြေနိုင်ပါစေ bro

0
0
0.000
avatar

ဟုတ် ကျေးဇူးပါ

0
0
0.000
avatar

broရဲ့ရိုးသားမှုကို သူသတိထားမသွားမိဘူးနဲ့တူတယ်ဗျ

0
0
0.000
avatar

ဟုတ် သတိထားသွားဒါပါ

0
0
0.000
avatar

စေတနာဆိုတာ ရောင်ပြန်ဟက်ပါတယ် ကိုယ့်စေတနာကို ဘယ်သူမှ အသိမှတ်မပြုလည်း ကိုယ့်ကိုယ်စောင့်နတ်က အသိမှတ်ပြုပါတယ် အောင်မြင်ပါစေbro

0
0
0.000
avatar

ဟုတ်ပါတယ် bro
ကျေးဇူးတင်ပါတယ်

0
0
0.000
avatar

ရိုးသားမှူရဲ့ လက်ငင်းအကျိုးကျေးဇူး respect ပါ bro

0
0
0.000
avatar

ဟုတ်ပါတယ် bro ကျေးဇူးပါ

0
0
0.000
avatar

အမလေး broအစားဝမ်းသာလိုက်တာ .... တူသောအကျိုးကိုပေးတာပါ

0
0
0.000
avatar

ဟုတ်ပါတယ် bro လွန်ခဲ့သည့်လေးနှစ်က ကျွန်တော့်အဖြစ်ပါ

0
0
0.000
avatar

ဖတ်လို့ကောင်းပါတယ် အစ်ကို

0
0
0.000
avatar

ဟုတ် ကြိုးစားပြီးတော့ရေးဒါပဲ မပြည့်စုံမှုတွေကြားဖတ်ပေးခြင်းအတွက် ကျေးဇူးပါ

0
0
0.000
avatar

Nice post bro. We can know about you.

0
0
0.000
avatar

It had been for about 4 year before as apart the time of my life.Thanks anyway for come to read.

0
0
0.000
avatar

ဝမ်းသာပါတယ်ဗျာ ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားရတာပါ

0
0
0.000
avatar

ဟုတ်ပါတယ် အဲ့လိုကိုကြုံခဲ့ဒါပါ။ကျေးဇူးပါ ကိုစော

0
0
0.000
avatar

ရိုးသားမှုရဲ့ တန်ဖိုး ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ

0
0
0.000
avatar

ဟုတ်ပါတယ် bro

0
0
0.000
avatar

စေတနာရဲ့အကျိုး​ကျေဇူးက ဒီအတိုင်​မ​နေပါဘူးဗျ

0
0
0.000
avatar

သိပ်သေချာဒါပေါ့ bro .....

0
0
0.000
avatar

တူ​သောအကျိုးပြန်​ရတာ​ပေါ့​ဗျာ

0
0
0.000
avatar

ဟုတ်တယ် bro Anyway thanks

0
0
0.000
avatar

တန်ပြန်သက်ရောက်မှုဆိုသလိုပေါ့ဗျာ

0
0
0.000
avatar

ဟုတ်ပါတယ် bro

0
0
0.000
avatar

လေးစားပါတယ်ဗျာ တန်ပြန်အကျိုးပေးပေါ့ဗျာ

0
0
0.000
avatar

တန်ပြန်အကျိုးပါ bro

0
0
0.000
avatar

စေတနာအကျိုးပေးပေါ့ဗျာ
ကိုဗီးရဲ့စိတ်ဓာတ်ကို လေးစားပါတယ်ဗျာ
တစ်ကယ်ပါ ဒီလိုလူမျိုးနောက်တစ်ယောက် ရှိတော့ရှိတယ် ရှားအုံးမှာပါ။

0
0
0.000
avatar

ဟုတ်ကျေးဇူးတင်ပါတယ် ကိုမိုးဇော်။

0
0
0.000
avatar

မိမိစိတ်ရင်းအတိုင်း အကျိုးပေးမည်။

0
0
0.000
avatar

အမှန်တရားက လက်တွေ့ပါပဲ။

0
0
0.000