ကျွန်တော် နှင့် I2wan အပိုင်း- ( ၅ ) ( Henry Aung )

avatar

henry.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်က ကျွန်တော် တို့ MSC သန့်ရှင်းရေး လုပ်ရာတွင် အတော်လေး စိတ်ပင်ပန်းစရာ ကောင်းသော အခြေ အနေမျိုးနှင့် ကြုံတွေ့ခဲ့ရကြောင်းကို MSC members များ အားလုံး သိကြပြီး ဖြစ်ပါလိမ့်မည်။ အမှိုက်ဟု ယူဆရသော အကောင့် များအားလုံးကို လည်း promotion ရယူခွင့် ပိတ်ထားလိုက်ပြီ ဖြစ်ပါသည်။

ဤသို့ သန့်ရှင်းရေးလုပ်ရာတွင် ကျွန်တော် ဥပမာပြခဲ့ ပြီး ဖြစ်သည့်အတိုင်း ကျွန်တော်တို့ MSC တွင် အချောင်လိုချင်သည်ဟူသော ပြသနာ မှာ MSC အတွင်း လှိုက်စားပြည် တည် နေခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ သို့သော် အချိန်ပေး သန့်ရှင်း ရေးလုပ်ရမည်ကတကြောင်း အမှန်တကယ် ကြိုးစားရေးနေသူများ အရှိန် ပျက်သွားလိမ့်မယ်ဟူ ၍ ဒီအတိုင်သာ မျှော လွတ်ပေးထားခြင်း ဖြစ်ပါသည်။

ထို အချောင်လို ချင်သော လှိုက်စားပြည်တည်အနာအား ကုစားရန်မှာ တနည်းတည်းသာရှိပါသည်။ ထိုအနာအား ဖြတ်တောက်ပြစ်ရန် ဖြစ်ပါသည်။ ဤသို့ကုစား ဖြတ်တောက်ရာတွင် ကောင်းသော အသားစများလည်း ပါဝင်သွားမည် ဖြစ်သလို ၊ သွေးစိမ်းများထွက်၍ နာကျင်ရမည်ကိုလည်း သိပါသည်။ သို့သော် ထိုအနားအား မဖြတ်တောက်လျင်အခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းသို့ ကူးစက်ပြီး ကုသရန် မလွယ်သော အခြေအနေသို့ ရောက်ရှိသွားနိုင်သဖြင့် အချိန်မှီ ဖြတ်တောက်ကုသရခြင်း ဖြစ်ပါသည်။

တကယ်လည်း နာကျင်ရပါသည်။ ဤသို့ ခွဲစိတ်ကုသရာတွင် နာကျင်ရသလို ဒေါသလည်းထွက်ရပါသည်။ ငါတို့ စေတနာထား အပင်ပန်းခံလုပ်ပေးနေ ခြင်းကို ဤသို့ ပြုရက်လေခြင်း ဟူသော ဒေါသများလည်း ထွက်လာပါသည်။ ဤတွင်ကြုံ၍ I2wan ကျွန်တော့အား သင်ကြားပြသပေးခဲ့သော ဒေါသထိန်းနည်းများကို အနည်းငယ်မျှဝေလိုပါသည်။

011.png

ကျွန်တော် စင်္ကပူ သင်္ဘောကျင်းတွင် Supervisor ဖြစ်လာသောအခါ ကျွန်တော့အား အမြဲ အပြစ်တင်ရန်ရှာသော တနည်း မဟုတ်တနည်း ဖြင့် ကျွန်တော့အားစိတ်ဆင်း ရဲစေရန် ဝေဖန်ရှုံ့ချသူ အထက်လူကြီး တယောက်နှင့် ဆုံခဲ့ဘူးပါသည်။ ထိုသူ၏ အမည်မှာ ဂျိုတီး ဖြစ်၍ ဘင်္ဂလား လူမျိုးဖြစ်ပါသည်။

အစပိုင်းတွင်တော့ အထက်လူကြီးမှ မိမိအား ကောင်းစေရန် ဝေဖန် ပြစ်တင်သည်ဟု ထင်နေသော်လည်း ကြာလာသောအခါ ကျွန်တော့ အား မြန်မာလူမျိုးတယောက်ဖြစ်၍ ပြသနာ ရှာနေခြင်း ဖြစ်ကြောင်းတဖြည်းဖြည်း ရိပ်မိလာပါသည်။ သူ့အနေဖြင့် ကျွန်တော့ အား ဝေဖန်ပြစ်တင်ရာတွင် အောာ်ကြီး ဟစ်ကျယ် မဟုတ်ပါ။

လေသံပျော့ပျော့လေး ဖြင့် " မင်းဒါလေးလုပ်တာတောင်ကောင်းကောင်းမဦးဆောင်တတ်တာ မင်းဘယ်ပုံဘယ်နည်းနဲ့ Supervisor ဖြစ်လာတာ ငါအံ့သြမဆုံးဘူး " " မင်းဟာ ငါတွေ့ဘူးသမျှ Supervisor တွေထဲ မှာ အသုံး မကျ ဆုံးပဲ ၊ မြန်မာတွေ အကုန်လုံး အဲဒီ အတိုင်းပဲလား ? " စသော မချိမခံသာသော စကားလုံးများကို အသုံးပြု၍ လေသံအေးအေး ဖြင့် ရှုံ့ချ ပြစ်တင်ပါသည်။

တခြားလူအမြင်တွင်တော့ လုပ်ငန်းခွင်တွင် သာမန်Supervisor နှင့် အထက်လူကြီးတို့ စကားပြောနေကြသည်ဟုသာ မြင်ကြပါလိမ့်မည်။ မည်သို့ ကောင်းအောင်လုပ်သော်လည်း ပြစ်တင်မှုက တော့ မလွှတ်ပါ။ လုပ်ငန်းတခုအား လူအင်အားများများဖြင့် လုပ်ရန် လိုအပ်သဖြင့် အလုပ်သမား အင်အား များများသုံးထားလျင် ဒီလို အလုပ်မျိုးတွင် လုပ်အားအများကြီးသုံး၍ုဖြုန်းပစ်သည်ဟု ပြစ်တင်သောကြောင့် နောက်တခါ ထိုအလုပ်မျိုးတွင် လူအင်အား အတော်အသင့်သာထည့်၍ လုပ်စေသောအခါ " ဒီအလုပ်မျိုး မှာ လူအင်အား များများ သုံးရမယ်ဆိုတာ မတွေးတတ်တဲ့ မင်းလို Supervisor ရဲ့ ဦးနှောက်ကို ငါအံ့သြလို့ မဆုံးဘူး" ဟူသောမှတ်ချက်များသာ ထွက်လာလေ့ရှိပါသည်။

02.jpg

ဤသို့ နေစဉ်နှင်အမျှ ပြစ်တင်ခံနေရသောအခါ ကျွန်တော်လည်း သည်းခံနိုင်ခြင်း အဆင့်ကို ကျော်လွန်နေပြီဖြစ်၍ နေ့စဉ်နှင့် အမျှ ဒေါသထွက်နေခဲ့ရပါသည်။ ထို ဒေါသထွက်ခြင်းနှင့် အတူ စိတ်မိုက်စိတ်ရိုင်းများလည်း ဝင်နေခဲ့ပြီ ဖြစ်ပါသည်။ " ငါစင်္ကပူ ကနေပြန်ရတဲ့ နေ့ ဂျိုတီး သွားတွေ အကုန်ကျွတ်တဲ့နေပဲ " ဟူ၍ လည်း ကြုံးဝါးထားပါသည်။

သူများတကာကဲ့သို့ ခေါင်းရိုက်ခွဲမည်၊ ခြေလက်ရိုက် ချိုးမည်မဟုတ်ဘဲ အပေါ်သွား အောက်သွား ၅ ချောင်းစီလောက် သံပိုက်လုံး ဖြင့် ရိုက်ချိုး၍ နေ့စဉ် အစာစားတိုင်း အံကပ်ချွတ်၍ သန့်ရှင်းရေးလုပ်တိုင်း မိမိအား သတိရ နေစေရမည်ဟု ကြုံးဝါးထားခဲ့ပါသည်။ ကံကောင်း ထောက်မ၍ I2wan နှင့် အတွေ့စော၍သာ ဂျိုတီးလည်း သွားများ မကျွတ် ခဲ့သလို ကျွန်တော်လည်း စင်္ကပူ အစိုးရကျွေးသော ထမင်းဟင်း စားရခြင်းမှ ကင်းလွတ်ခဲ့ရပါသည်။

ကျွန်တော် I2wan နှင့်တွေ့၍ ကျွန်တော့ပြသနာအား ပြောပြသော အခါ I2wan မှ ကျွန်တော့အား အလွန်ကောင်းမွန်သော နည်းလမ်းပေးပါသည်။ ထိုနည်းလမ်းမှာ ဂျိုတီးအား ညအိပ်ယာဝင်တိုင်း စိတ်ထဲမှ လိုက်လိုက်လှဲလှဲ သူကျန်းမာချမ်းသာ စေရန် မေတ္တာပို့ ပေးရန်ဖြစ်ပါသည်။ ကျွန်တော်ကလည်း ထိုနည်းလမ်းမှာ မဖြစ်နိုင်ကြောင်း ပြန်ပြောပြပါသည်။

အဘယ်ကြောင့် မဖြစ်နိုင်ကြောင်းကိုလည်း တပါတည်း ရှင်းပြခဲ့ပါသည်။ ကျွန်တော့ စိတ်မှာ သူတပါးခိုင်း၍ စိတ်မပါတပါ လုပ်ရသည်ကို အလို မရှိပါ။ လုပ်လျင်သေသေချာချာ လုပ်မည်ဖြစ်၍ မလုပ်ချင်လျင် အရှင်းမလုပ်ပါ။ အကြောင်းမှာ မေတ္တာပို့ ရန်အသာထား ဂျိုတီး မျက်နှာကို မြင်ယောင်လိုက်သည်နှင့် ဒေါသတို့က အလိုလို ထွက်လာပြီး ဖြစ်၍ မေတ္တာပို့ လည်း အကျိုးထူးမည် မထင်ကြောင်း I2wan အားရှင်းပြခဲ့ပါသည်။

03.png

I2wan ကလည်း ကျွန်တော့အား ပြုံး၍ ကြည့်နေပါသည်။ ထို့နောက် ကျွန်တော့အား " အဲတာဆို နောက်တနည်း စမ်းကြည့် ရအောင် " ဟုပြောပါသည်။ ထို့နောက် ကျွန်တော့အား " Henry ဘယ်နေ့သေမယ်ဆိုတာသိသလား ? " ဟုမေးပါတော့သည်။ ကျွန်တော်က ယခုသေမလား မနက်ဖြန်သေမလား ဆိုသည်မှာ ကျွန်တော်သာမဟုတ် လူသားများအားလုံး ဘယ်သူမျှ မသိနိုင်ပါဟု ပြန်ဖြေသော အခါ I2wan မှလည်း ဟုတ်မှန်ကြောင်း ပြန်ပြောပါသည်။

ထို့နောက် I2wan မှ ဆက်၍ " Henry အသိ ထဲက မိတ်ဆွေ ပဲဖြစ်စေ ၊ အသိပဲဖြစ်စေ ဆေးရုံတက်နေရလို့ သွားကြည့်တဲ့အခါ ဆရာဝန်က လူနာ ၂၄ နာရီပဲ အသက်ရှင်လိမ့် မယ်လို့ ပြောမယ် ၊ လူနာကလည်း Henry ကိုတွေ့တာနဲ့ ဆဲဆိုကြိမ်းမောင်း ပြီး ရန်ရှာမယ်။ Henry ကလည်း ဒေါသတွေထွက်လာပြီး အဲဒီလူနာနဲ့ ပြန်ရန်ဖြစ်နိုင်ပါ့မလား ? " ဟုမေးလာပါတော့သည်။

ကျွန်တော်စဉ်းစားရပါပြီ။ ကျွန်တော် မည်မျှ ဒေါသကြီးသော်လည်း မနက်ဖြန်သေတော့မည့် လူနာနှင့် ဖက်ပြိုင် ရန်ဖြစ်ရလောက်အောင်တော့ ဒေါသမရှိနိုင်သေးပါ။ ထို့ နောက် I2wan မှ ကျွန်တော့အား “ မင်း ဂျိုတီး နဲ့ တွေ့တိုင်း သူ့ကို မနက်ဖြန် သေတော့မယ့် လူနာ အဖြစ်သဘောထားလိုက်ဟု သင်ပေးပါသည်။

ဤတွင် အလွန်အရေးကြီး၍ ကျွန်တော့ကို သေသေချာချာ ထပ်မံသင်ပေးပါသည်။ ဂျိုတီး သည် လူသားဖြစ်၍ဘယ်ရက် သေမည်မသိသော သူဖြစ်သောကြောင့် သေလူအဖြစ်သဘောထားခိုင်းခြင်း ဖြစ်သည်။ ဂျိုတီး သေပါစေဟူ သော စိတ်စေတနာ မရှိစေရန် သေချာ ရှင်းပြပါသည်။ တနည်းအားဖြင့် ဂျိုတီး သေပါစေဟူသော ကျိန်ဆို ခြင်းမျိုး မဖြစ်စေပဲ သူသည် လူသားဖြစ်၍ သေလူဖြစ်သည်ဟူသော အတွေးကိုသာ ရှိစေခြင်း ဖြစ်ပါသည်။

04.jpg

သည့် နောက်တွင် တော့ ဂျိုတီးနှင့် တွေ့၍ သူ ပြစ်တင်တိုင်း ဤသူသည် တနေ့ သေရမည် ဖြစ်သော သူပါလားဟု အသိသွင်းလိုက်သည်နှင့် ဒေါသထွက်ရန် အသာထား သူ့မျက်နှာ ကြည့်ရင်းပင် သနားစိတ် ဝင်လာရပါသည်။ သူတပါးအား ဤသူသည် တနေ့ သေရမည့် သူပါလားဟူသောအသိ က မိမိ ကို အကုသိုလ် ဖြစ်စေနိုင်သည် မဖြစ်စေနိုင်သည်ကို တော့ ကျွန်တော် မပြောပြတတ်ပါ။

သို့သော် ထိုအခိုက်အတန့်တွင် ဒေါသကင်း၍ ကိုယ်ထိလက်ရောက် ကျုးလွန်မိနိုင်သော အခိုက်အတန့်များကို ကျော်လွားနိုင်သည်ကတော့ သေချာပါသည်။ ဤသည်မှာ ကျွန်တော်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံ များကို စာဖတ်သူ မိတ်ဆွေများအား ပြန်လည် ဝေမျှခြင်းသာဖြစ်၍ I 2wan ၏ နည်းလမ်းများကို အသုံးပြုသင့် မသင့် ကတော့ စာဖတ်သူ မိတ်ဆွေသာ ဆုံးဖြတ်စေချင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001



0
0
0.000
45 comments
avatar

ဟုတ်ကဲ့အကို
ဖတ်ရတာတကယ့်ကိုအကျိုးရှိပါတယ်
မိုလည်းပုထုဇဉ်မို့ဒေါသဖြစ်စရာတွေနဲ့မကင်းနိုင်သေးပါ
ဒါကြောင့် အခုနည်းလမ်းကောင်းလေးကို သဘောလည်းကျသလို လိုက်နာနိုင်အောင်လည်း ကြိုးစားသွားမယ် ဆုံးဖြတ်မိတယ်အကို
အခုလို ဝေမျှပေးတာကျေးဇူးတင်ပါတယ်အကို

0
0
0.000
avatar

အခုလို တခုခု ရသွားတဲ့ အတွက် အကိုလည်း ဝမ်းသာပါတယ်။

0
0
0.000
avatar

အရမ်းကောင်းတဲ့ ဒေါသ ထိန်းနည်းပါ ကျွန်တော့်သူငယ်ချင်း သဘောင်္သားတယောက်လည်း အဲ့လို ကြုံဖူးလို့ ကျွန်တော်အားပြောပြတော့ အဲ့လောက်ကောင်းတဲ့နည်းတော့ မဟုတ်ပေမဲ့ မင်း ကိုယ့်တရား ကိုယ်လုပ် ဘုရားတရားကို မမေ့နဲ့ မေတ္တာများများ ပို့ဖို့ဘဲ ပြောဆို လမ်းပြဖူးပါတယ် ဒေါသထွက်ခြင်းက အမှားရဲ့ ခြေလှမ်း အစလို့တောင် ဆိုနိုင်ပါတယ် ကျေးဇူပါ အစ်ကို နည်းလမ်းကောင်းလေးတခုရလိုက်ပါတယ်

0
0
0.000
avatar

မေတ္တာပို့ ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

0
0
0.000
avatar

Jyoti သွားကျွတ်မဲ့နေ့ bro စင်္ကာပူပြန်မဲ့နေ့။ ဒါနဲ့ jyoti နဲ့အခုရောအတူတူ တွေ့နေရတုန်းလား bro ?
သန့်ရှင်းရေးကို အဆင်ပြောရင်တော့ တလ နှစ်လ စသဖြင့် ပုံမှန်လုပ်တော့ ပိုထိရောက်သလားလို့ အကြံမဟုတ်ပါ စိတ်ထဲကတွေးမိလို့ပါ

0
0
0.000
avatar

ကျွန်တော် ၂၀၀၈ နှစ်ကုန်ပိုင်းလောက်မှာ သင်္ဘောကျင်း လောက ကနေ အပြီးအပိုင်ထွက်ခဲ့ပါပြီ။ အခုလက်ရှိကတော့ ကရိန်းကုမ္ပဏီနဲ့ အလုပ်လုပ် နေပါတယ်။ ဂျိုတီးက လည်း ဘင်္ဂလား ပြန်သွားရလောက်ပြီလို့ ထင်ပါတယ်။ ၂၀၁၆-၂၀၁၇ မှာ စင်္ကပူ သင်္ဘာကျင်းတော်တော်များများ ပိတ်လိုက်ရပါတယ်။ သင်္ဘောကျင်း အကြီးတွေလည်း လူ ကို ထောင် ဂဏာန်း လောက်ထိ လျှော့ချလိုက်ရတယ်လို့ ကြားပါတယ်

0
0
0.000
avatar

i enjoy your post! thanks

0
0
0.000
avatar

အဲ့လို အဖြစ်မျိုးနဲ့ ကြုံခဲ့ရင် အဲ့လိုစိတ်ထားလေးမွေးမြူ နိုင်အောင် အခုထဲက လေ့ကျင့်ထားတော့မယ်

0
0
0.000
avatar

မေတ္တာထားနိုင်ရင်တော့ အကောင်းဆုံးပါ။

0
0
0.000
avatar

နည်းလမ်းလည်း သဘောကျပါတယ် အစ်ကို လေ့ကျင့်ဦးမယ်

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်

0
0
0.000
avatar

This is a really good article. Cleanliness has its own importance

0
0
0.000
avatar

ဒေါသ စိတ် ဖြစ်ပေါ်လာရင် ဘယ်လို ထိန်းရမယ် ဆိုတာ
သိရတဲ့အတွက်ကျေးဇူးပါ

0
0
0.000
avatar

မေတ္တာပို့ ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

0
0
0.000
avatar

ဒီအပိုင်းကို အကြိုက်ဆုံးပါပဲဗျာ ။ ကိုရီးယားတွေ
အကြောင်းတော့ သိပ်မသိပါဘူးဗျ ဒါပေမယ့် Bro
ရဲ့ မိတ်ဆွေ I2Wan ကတော့ ကိုရီးယားတွေထဲမှာ
တော်တော်ပြည့်ဝတဲ့လူလို့ထင်မိပါတယ်။

0
0
0.000
avatar

ကျွန်တော်နဲ့ သူ နဲ့ အကြာကြီး မတွေ့လိုက်ရပါဘူး။ တွေ့ခဲ့ မိတဲ့ အချိန် နည်းနည်းလေးမှာကို အသိပညာအများကြီး ရလိုက်ပါတယ်

0
0
0.000
avatar

ဟုတ်ပါတယ် ကိုဟင်ရေ
တစ်တခါတရံ ကိုက အလုပ်လည်းလုပ်ရသေးတယ် ကိုလုပ်တာက မှန်နေရက်နဲ့တောင် အပြစ်မရှိအပြစ်သလိုမျိုး ပြစ်တင်ကဲ့ရဲ့ခံရတဲ့ အချိန်မှာ ဒေါသလည်းဖြစ်မိသလို နောက်ပိုင်းအလုပ်ပေါ်တာဝန်ယူခေါင်းခံပီး လုပ်ချင်စိတ်တွေတောင် လျော့လာတတ်သေးတယ်
ခုလိုဒေါသကိုချုပ်ထိန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ

0
0
0.000
avatar

ဒါမျိုဟာ လုပ်ငန်းခွင် နီးပါးတိုင်းမှာ တွေ့ရတတ်ပါတယ်။ အထက်လူကြီး ဆို ပြီးတော့ အနိုင်ကျင့်နည်း တမျိုးလို့ ထင်ပါတယ်။ ကျွန်တော် ကိုယ်ထိလက်ရောက် မလုပ်ခဲ့ တာပဲ အများကြီး ကံကောင်းသွားပါတယ်။

0
0
0.000
avatar

ဒေါသကြီးတက်တဲ့ကျနော့်အတွက် ဆေးတစ်ခွက်သောက်လိုက်ရသလိုပါဘဲအကိုရာ

0
0
0.000
avatar

မေတ္တာပို့ ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

0
0
0.000
avatar

အစ်ကိုတင်တဲ့ ဆောင်းပါးတိုင်းကို လိုက်ဖက်ဖြစ်ပါတယ် တစ်ခုနဲ့ တစ်ခု မရိုးအောင်ကို ဆောင်းပါးတိုင်း အရမ်းကိုကောင်းပါတယ်(မှတ်ချက်...တစ်ကယ်ပြောတာပါ မျက်နာလို မျက်နာရဖြစ်အောင် ပြောခြင်းမဟုတ်ပါ) အခုတင်တဲ့ဆောင်းပါကိုတော့ အကြိုက်ဆုံးပဲ ကျနော်လည်း သူတစ်ပါးနိုင်ငံမှာ လာရောက်အလုပ် လုပ်ကိုင်နေရခြင်းကြောင့် အစ်ကိုရေးတဲ့ဆောင်းပါးထဲလိုမျိုး တိုက်ဆိုင်မှု့ တွေရှိပါတယ် အခုတော့ ကျနော်လည်း ကိုယ်မကျေနပ်တဲ့လူတွေကို အစ်ကိုရေးသလိုမျိုး မနက်ဖြန်မှာ သေတော့မယ့် လူနာလို့ ပဲ သတ်မှတ်လိုက်ပါတော့မယ် တန်ဖိုးရှိတဲ့ အစ်ကို့ ရဲ့  ဆောင်းပါးတွေကို ဖက်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

0
0
0.000
avatar

ဒါမျိုဟာ လုပ်ငန်းခွင် နီးပါးတိုင်းမှာ တွေ့ရတတ်ပါတယ်။ အထက်လူကြီး ဆို ပြီးတော့ အနိုင်ကျင့်နည်း တမျိုးလို့ ထင်ပါတယ်။ ကျွန်တော် ကိုယ်ထိလက်ရောက် မလုပ်ခဲ့ တာပဲ အများကြီး ကံကောင်းသွားပါတယ်။

0
0
0.000
avatar

The great and peaceful person.
Let me talk again, you are the lucky guy Bro and now we are also lucky guy because of your sharing.

0
0
0.000
avatar

ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာတော့ မေတ္တာတရားဟာ အောင်နိုင်ရေးပါ။
မေတ္တာဓာတ်ထုံမွန်းနေသူဟာ အရာရာ အောင်မြင်နိုင်ပါတယ်။
မေတ္တာပို့သည် ဆိုရာဝယ် ထိထိရောက်ရောက်ဖြစ်လိုလျှင်
မိမိပို့ချင်သောသူ၏ ရုပ်ရည်ကို မြင်ယောင်၍ ပို့လျှင် သာစွမ်းပါသည်။
မေတ္တာတရားနှင့် ပြည့်ဝလိုလျှင် ပထမ မိမိချင်ခင်ရင်းနှီးသူတွေကို
ရက်သတ်မှတ်၍ မေတ္တာပို့ပါ။ ဒုတိယ မိမိ ချစ်လည်းမချစ် မုန်းလည်း
မမုန်းသောသူတွေကို ရက်သတ်မှတ်၍ မေတ္တာပို့ပါ။ နောက်ဆုံးတွင်
မိမိမုန်းသောသူတွေကို မေတ္တာပို့ပါ။ မိမိ မုန်းသောသူကို မေတ္တာထား
မေတ္တာပို့ရမည်မှာ အင်မတန် ခက်ခဲသော အရာ ဖြစ်ပါသည်။ သို့သော်
အထက်မှာ ပြောခဲ့သည့်နည်းများအတိုင်း တဖြည်းဖြည်းကျင့်ကြံသွား
ပါက အောင်မြင်ပါလိမ့်မည်။ ကိုဟင်သည် မိတ်ဆွေကောင်းနှင့်
တွေ့ရ၍ ကံကောင်းပါသည်။ ကျွန်တော်ဆို စာအုပ်တွေပဲ မိတ်ဆွေ
လုပ်၍ နေပါသည်။ကိုဟင်နရီ မေတ္တာတရား ကြီးမားသောခေါင်းဆောင်
ကောင်း တစ်ယောက်ဖြစ်ကာ ဆထပ်တိုး ကျန်းမာ ချမ်းသာ ပျော်ရွှင်
အောင်မြင်ပါစေ။

0
0
0.000
avatar

ကိုဟင်နရီ မေတ္တာတရား မကြီးမားပါဘူး။ အခုအချိန်ထိ ဒေါသကြီးဆဲ ထိန်းနေရဆဲပါ။ လုပ်ချင်တာထက် လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတဲ့သူပါ။

0
0
0.000
avatar

မေတ္တာထား ခြင်းဟာ ကောင်းမြတ်သော အလုပ်ဖြစ်သလို။ ပြည်တည်နာကို ခွဲစိတ်ဖြတ်တောက်ထုတ်ခြင်းဟာလဲ နည်းလမ်းမှန်ဖြစ်ပါတယ် ။

0
0
0.000
avatar

ကျနော်လည်း ဆရာမျှ ဝေပေးတဲ့ နည်းနဲ့ ဒေါသထိမ်းနိုင်အောင် ကြိုးစားပါ့မယ် ဆရာ

0
0
0.000
avatar

ကျေးဇူးတင်ပါတယ်

0
0
0.000
avatar

ကျွန်တော်တို့လူသစ်တွေအဖို့ သင်္ခန်းစာတွေလို့ဘဲမှတ်ယူရမှာပေါ့ဗျာ

0
0
0.000
avatar

အစ်​ကိုဟင်​နရီရဲ့စာ​တွေကိုဖတ်​ပြီး I 2wanကို မမြင်​ဘူး​ပေမယ့်​ ​လေးစားမိ​နေပါပြီ။ ​ကျေးဇူးပါ။

0
0
0.000
avatar

ကောင်းလိုက်တဲ့ ဆုံးမစကားလေးပါလားရှင်
မှတ်သားရပါတယ်ရှင့်

0
0
0.000
avatar

ဟုတ်ကဲ့အကို ကျွန်တော်လဲ ရုံးကလူကြီးကို မနက်ဖြန်သေတော့မယ့်လူလို့သက်မှတ်ထားလိုက်တော့မယ်အကို

0
0
0.000
avatar

သေပါစေလို့ စိတ်စေတနာ မရှိအောင်တော့ ဂရုစိုက်ပါ။

0
0
0.000
avatar

မေတ္တာ ဝါဒကို​ပြောသွားတဲ့ I2wan
ကိုဟင်​ ဆရာ​ကောင်းနဲ့​တွေ့ရတာပဲ

0
0
0.000
avatar

ကျွန်​​တော့်​လို ဝန်​ထမ်းတစ်​​ယောက်​အတွက်​ အသိတစ်​ခု​တော့ရသွား ပြီအကို ​ကျေးဇူးပါ သည်းခံနိုင်​​အောင်​ကြိုးစာ​​တော့မယ်

0
0
0.000
avatar

ကျွန်တော်လိုဒေါသကြီးသူအတွက်အရမ်းကောင်းတဲနည်းတစ်ခုရသွားပါပြီ ကျေးဇူးပါဗျ

0
0
0.000
avatar

MSC ကadmin များနှင့်​ memberတိုင်းအစ်​ကို့လိုစိတ်​မျိုး​မွေးနိုင်​ကြပါ​စေ။

0
0
0.000
avatar

အံ့သြစရာ I2wan ပါ အင်မတန်လေးစားစရာကောင်းပါတယ် လက်တွေ့ကျင့်သုံးနိုင်မှအကျိုးရှိနိုင်တာကို လိုက်နာကျင့်ဆောင်နိုင်တာလည်း ချီးကျူးပါတယ်ဆာဟင် ဒေါသထိန်းနည်းကိုသိပေမယ့် လိုက်နာမှုမှာ အားနည်းခဲ့ပါတယ်ဆာ စင်္ကပူကကျွေးတဲ့ထမင်းတော့တခါမှမစားဖူးသေးဘူးမလားဆာဟင်

0
0
0.000
avatar

မှတိသားထိုက်ပါတယ်ဆရာ

0
0
0.000
avatar

အရမ်းကောင်းတဲ့နည်းလမ်းပါဗျာ အခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် လက်တွေ့ကျင့်သုံးပါမယ်

0
0
0.000
avatar

ကျေးဇူးပါဆရာ အပန်းမကြီးရင်​ ပြန်​ vote​ပေးပါလား😁

0
0
0.000
avatar

အရမ်းမိုက်တဲ့ ဆုံးမစာလေးပါဘဲ အဲ့လိုဘဲ တွေးတော့မယ် စိတ်တိုတိုင်း ကျေးဇူးပါကိုဟင် ရေ :)

0
0
0.000
avatar

လေ့ကျင့်ပါမယ် 😁

0
0
0.000